သတင်းနှင့် ဆောင်းပါး အသေးစိတ်

Take ရေသန့်၏ သတင်းအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆောင်းပါး

ရေတစ်ငုံသောက်လိုက်တိုင်းသင့်ဦးနှောက်ထဲမှာဘာတွေဖြစ်သွားလဲ? 💧 

ရေသောက်တိုင်း ရေဆာပြေသွားတာ ရိုးရိုးလေးမဟုတ်ပါဘူး။ တကယ်တော့ သင့်ဦးနှောက်ထဲမှာ အံ့သြစရာကောင်းတဲ့ ပြောင်းလဲမှုတွေ ချက်ချင်းဖြစ်သွားတာပါ။

အစာအိမ်ထဲမရောက်ခင်ကတည်းကစတင်တဲ့မှော်ဆန်မှု

ရေက လည်ချောင်းကို ဖြတ်သွားတာနဲ့ အာရုံကြောလေးတွေက ဦးနှောက်ဆီကို “ရေဝင်လာပြီ” ဆိုပြီး ချက်ချင်း အချက်ပြပါတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်က Dopamine (ပျော်ရွှင်မှုဟော်မုန်း) အနည်းငယ်ကို ချက်ချင်းထုတ်ပေးလိုက်လို့ ရေက သွေးကြောထဲ မရောက်သေးခင်မှာတင် ရေဆာပြေသွားသလို ခံစားလိုက်ရတာပါ။

ခန္ဓာကိုယ်ထဲရေရောက်သွားတဲ့အခါ…

​ဆဲလ်လေးတွေ ပြန်လန်းလာခြင်း: သွေးလှည့်ပတ်မှု ပြန်ကောင်းလာပြီး ရေဓာတ်ခန်းလို့ ကျုံ့နေတဲ့ ဦးနှောက်ဆဲလ်လေးတွေ ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားပါတယ်။

​ဟန်ချက်ညီသွားခြင်း: ဦးနှောက်အတွက် အရေးပါတဲ့ Serotonin နဲ့ Dopamine ထုတ်လုပ်မှုတွေကို ထိန်းညှိပေးပါတယ်။

​သန့်စင်သွားခြင်း: ဦးနှောက်ထဲက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို အမြန်ဆုံး ရှင်းထုတ်ပေးပါတယ်။

​ဒါကြောင့် ရေသောက်ပြီးတာနဲ့ သင်ချက်ချင်း ခံစားရမယ့် အရာတွေက…

​ခေါင်းကြည်လင်သွားမယ်: အာရုံစူးစိုက်မှု (Focus) နဲ့ မှတ်ဉာဏ် ချက်ချင်း ပြန်ကောင်းလာပြီး စဉ်းစားတွေးခေါ်မှု မြန်ဆန်လာပါမယ်။

​လန်းဆန်းတက်ကြွလာမယ်: ပင်ပန်းနွမ်းနယ်တာတွေ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ရော စိတ်ပါ စွမ်းအင်သစ် ပြန်ရလာပါမယ်။

​စိတ်ခံစားမှု တည်ငြိမ်မယ်: စိတ်တို၊ စိတ်ရှုပ်တာတွေ လျော့ကျသွားပြီး စိတ်ကြည်နူးလာပါမယ်။ ခေါင်းကိုက်နေရင်တောင် တဖြည်းဖြည်း သက်သာသွားပါလိမ့်မယ်။

သင့်ဦးနှောက်လေး အမြဲကြည်လင်လန်းဆန်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အခုပဲ Take အေးအေးလေး တစ်ခွက်လောက် သောက်လိုက်ရအောင်…. ♥️♥️♥️

ရေသန့်အလွယ်တကူ မှာယူနိုင်သော Take Mobile App

ရေသန့်ကုန်သွားလို့ စိတ်ပူစရာ မလိုတော့ပါ။ Take App ဖြင့် ဖုန်းထဲကနေ စက္ကန့်ပိုင်းအတွင်း အလွယ်တကူ မှာယူနိုင်ပြီး အိမ်အရောက် အမြန်ဆုံး ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဖုန်းမှ တိုက်ရိုက်မှာယူနိုင်မှု အိမ်အရောက် အခမဲ့ Delivery လူကြိုက်အများဆုံး ရေသန့် App
Take Mobile Delivery App