Skincareတွေဘယ်လောက်ပဲလိမ်းလိမ်း… အသားအရည်က မစိုပြည်ဘဲ ဖြစ်နေတုန်းပဲလား…? ✨
အလှအပနဲ့ အသားအရေကို ဂရုစိုက်ကြတဲ့ ပျိုမေတို့ ဈေးကြီးလှတဲ့ Serum တွေ၊ Cream တွေနဲ့ Treatment တွေ ပြုလုပ်နေပေမဲ့ မျှော်လင့်သလို သဘာဝအတိုင်း ကြည်လင်စိုပြေမလာတဲ့ အဓိက လျှို့ဝှက်ချက်ကို သိပါသလား? ဒါဟာ ခန္ဓာကိုယ် “အပြင်ဘက်” ကိုပဲ ပြုပြင်နေပြီး “အတွင်းပိုင်း” ရေဓာတ်ဖြည့်တင်းဖို့ မေ့လျော့နေလို့ပါပဲ။
တကယ်တော့ နေ့စဉ် ရေသန့်မှန်မှန်သောက်ပေးခြင်းဟာ သင့်အသားအရေနဲ့ ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တဲ့ အခြေခံအကျဆုံး အလှအပဆေးတစ်ခွက် ပါ။
ရေကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းက သင့်အသားအရေမှာ ဘာတွေ သိသိသာသာ ပြောင်းလဲသွားစေသလဲ?
အရေးအကြောင်းတွေကို ကာကွယ်ပေးပြီး တင်းရင်းစေတယ် (Anti-Aging & Elasticity)
ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေတဲ့အခါ အရေပြားဆဲလ် (Skin Cells) လေးတွေဟာ ဖောင်းမို့ပြီး တင်းတင်းရင်းရင်း ဖြစ်နေပါတယ်။ ရေဓာတ် နည်းသွားရင်တော့ ဆဲလ်တွေ ညှိုးနွမ်းပြီး အရေးအကြောင်းနဲ့ ပါးရေတွန့်တာတွေ စောစီးစွာ ဖြစ်ပေါ်လာစေပါတယ်။
အဆီနဲ့ ရေဓာတ် မျှတစေတယ် (Oil-Water Balance)
မျက်နှာ ခဏခဏ အဆီပြန်တာဟာ အသားအရေ ရေဓာတ် ခမ်းခြောက်နေလို့ ခန္ဓာကိုယ်က အဆီတွေကို ပိုထုတ်ပေးနေရတာပါ။ ရေဝအောင် သောက်ပေးလိုက်တာနဲ့ အဆီပြန်တာ လျှော့ကျသွားပြီး သဘာဝအတိုင်း စိုစိုအိအိ ဖြစ်လာပါလိမ့်မယ်။
ဝက်ခြံနဲ့ အဖုအပိန့်တွေကို လျှော့ချပေးတယ် (Natural Detox)
နေ့စဉ် သောက်ပေးလိုက်တဲ့ ရေသန့်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက် (Toxins) တွေကို သဘာဝအတိုင်း စွန့်ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက် နည်းလေ အသားအရေ ဝက်ခြံနဲ့ အဖုအပိန့် ကင်းစင်လေပါပဲ။
သဘာဝအတိုင်း ကြည်လင် ဝင်းပစေတယ် (Natural Glow)
ရေဓာတ် ပြည့်ဝတဲ့အခါ သွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး အရေပြားဆီ အာဟာရဓာတ်တွေ ထိရောက်စွာ ရောက်ရှိသွားတာကြောင့် မိတ်ကပ်မပါဘဲ သဘာဝအတိုင်း Glow တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
”အလှအပတိုင်းရဲ့ ပထမဆုံး လျှို့ဝှက်ချက်… Take သောက်ရေသန့်” ![]()
![]()