သတင်းနှင့် ဆောင်းပါး အသေးစိတ်

Take ရေသန့်၏ သတင်းအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆောင်းပါး

ဈေးကြီးတဲ့Skincareတွေထက်ပိုထိရောက်တဲ့အလှအပလျှို့ဝှက်ချက် (ဒါကို သင်မေ့နေခဲ့တာလား?)

​ပျိုမေတို့…. အသားအရေလှချင်လို့ Serum တွေ၊ Cream တွေအတွက် ငွေကုန်ကြေးကျခံပြီး အများကြီး ရင်းနှီးမြှုပ်နှံနေပေမယ့် ကိုယ့်အသားအရေက သိသိသာသာ ပြောင်းလဲမလာဘူး
ဖြစ်နေလား?
​တကယ်တော့ အလှအပရဲ့ အခြေခံအကျဆုံးနဲ့ အစွမ်းထက်ဆုံး လက်နက်က နေ့တိုင်း မြင်တွေ့နေရတဲ့ “ရေ” ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးရှင်းလွန်းလို့ အားလုံးက မေ့နေတတ်ကြတာပါ။ ဒီနေ့မှာတော့ ရေသောက်ရုံတင်မကဘဲ ရေကို အသုံးပြုပြီး နတ်သမီးလေးလို လှပလာစေမယ့် နည်းလမ်းတွေကို မျှဝေပေးသွားပါမယ်။ 👇
​💧 ရေသောက်ခြင်းက သင့်အသားအရေကို ဘယ်လို ပြောင်းလဲပေးသလဲ?
​၁။ သဘာဝ Glass Skin ပိုင်ရှင်ဖြစ်လာစေခြင်း
အသားအရေ ခြောက်ကပ်ပြီး အဖတ်တွေကွာတာဟာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာပါ။ ရေကို ပုံမှန်သောက်ပေးရင် ဆဲလ်တွေထဲအထိ ရေဓာတ်ဖြည့်တင်းပေးတာကြောင့် အသားအရေက အတွင်းကနေ ဝင်းပလာပြီး ကြည်လင်တောက်ပတဲ့ “Glow” ကို ရရှိစေမှာပါ။
​၂။ အရွယ်တင်နုပျိုစေတဲ့ သဘာဝအစွမ်း
ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေဟာ ကျုံ့ဆန့်နိုင်စွမ်း (Elasticity) ပိုကောင်းပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေကို တင်းရင်းနုပျိုနေစေမှာပါ။
​၃။ ဝက်ခြံနဲ့ အမည်းစက်တွေကို နှုတ်ဆက်လိုက်ပါ
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ရေက အကောင်းဆုံးပါ။ ရေဓာတ်ပြည့်ဝနေရင် ချွေးပေါက်တွေ ပိတ်ဆို့တာနည်းသွားပြီး ဝက်ခြံထွက်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။
​🌊 ရေကိုအသုံးပြုပြီး ပိုလှလာစေမယ့် Beauty Tips များ
​ရေသောက်ရုံတင် မဟုတ်ပါဘူး၊ ဒီနည်းလမ်းလေးတွေကိုလည်း စမ်းလုပ်ကြည့်ပါ

အေးမြတဲ့ရေစင်စင်နဲ့မျက်နှာသစ်ပါ:

မနက်ခင်းမှာ အေးမြတဲ့ Take ရေသန့် နဲ့ မျက်နှာသစ်ပေးခြင်းက ချွေးပေါက်တွေကို ကျဉ်းစေပြီး မျက်နှာဖောင်းအစ်ခြင်းကို လျော့ကျစေပါတယ်။

DIYFaceMistအဖြစ်အသုံးပြုပါ:

စပရေးဘူးလေးထဲမှာ ရေသန့်ထည့်ပြီး အိတ်ထဲဆောင်ထားပါ။ အပြင်သွားလို့ အသားအရေ ပူလောင်လာရင် ဖြန်းပေးပါ။ အသားအရေကို ချက်ချင်း လန်းဆန်းသွားစေမှာပါ။

ရေနွေးငွေ့ပေါင်းတင်ခြင်း:

တစ်ပတ် တစ်ကြိမ်လောက် ရေသန့်ကို အပူပေးပြီး ရေနွေးငွေ့နဲ့ မျက်နှာကို ပေါင်းတင်ပေးပါ။ ဒါဟာ ချွေးပေါက်ထဲက အညစ်အကြေးတွေကို အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။
#ဘာကြောင့်Takeရေသန့်ကိုရွေးချယ်သင့်တာလဲ?
​အလှအပအတွက်ဆိုရင် သုံးစွဲတဲ့ရေကလည်း အဆင့်မြင့်ပြီး သန့်စင်နေဖို့ လိုအပ်ပါတယ်။ Take Purified Drinking Water ဟာ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သန့်စင်ထားတာကြောင့် –
​✅ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သန့်စင်မှုကို အပြည့်အဝပေးနိုင်ခြင်း
✅ အသားအရေကို ထိခိုက်စေမယ့် အညစ်အကြေးများ ကင်းစင်ခြင်း
✅ သောက်သုံးလိုက်တိုင်း လန်းဆန်းပြီး အသားအရေကြည်လင်မှုကို အားဖြည့်ပေးခြင်း
​”လှပဖို့အတွက် အဝေးကြီးမှာ မရှာပါနဲ့… တစ်နေ့ကို ရေ (၈) ခွက် မှန်မှန်သောက်ပေးရုံနဲ့ သင်ဖြစ်ချင်တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ပါပြီ။”

ရေသန့်အလွယ်တကူ မှာယူနိုင်သော Take Mobile App

ရေသန့်ကုန်သွားလို့ စိတ်ပူစရာ မလိုတော့ပါ။ Take App ဖြင့် ဖုန်းထဲကနေ စက္ကန့်ပိုင်းအတွင်း အလွယ်တကူ မှာယူနိုင်ပြီး အိမ်အရောက် အမြန်ဆုံး ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဖုန်းမှ တိုက်ရိုက်မှာယူနိုင်မှု အိမ်အရောက် အခမဲ့ Delivery လူကြိုက်အများဆုံး ရေသန့် App
Take Mobile Delivery App