Brandတစ်ခုနာမည်တစ်ခုဈေးကွက်ထဲမှာခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ဆိုတာ…….
အချိန်တွေ၊ အခက်အခဲတွေနဲ့ စမ်းသပ်ခံနိုင်မှုတွေ အများကြီး လိုအပ်ပါတယ်။ ဒါကို စီးပွားရေးလုပ်ငန်းရှင်တိုင်း အသိဆုံးပါ။
”Take” သောက်ရေသန့်က ဈေးကွက်ထဲမှာ (၁၄) နှစ်တိုင်တိုင် ရပ်တည်နိုင်ခဲ့တာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ နေ့စဉ် ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းမှာ အဆင့်မြင့် ခေတ်မီရေသန့်စင်စနစ်တွေ (RO, UV, Ozone) ကို စနစ်တကျပေါင်းစပ်အသုံးပြုပြီး၊ အမြင့်မားဆုံးသော ကျန်းမာရေးစံနှုန်းတွေနဲ့အညီ သန့်ရှင်းလတ်ဆတ်တဲ့ ရေကို ထုတ်လုပ်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်။
ဒီ (၁၄) နှစ်တာ ခရီးလမ်းမှာ…
ကျွန်တော်တို့ရဲ့ အရည်အသွေးကို အပြည့်အဝယုံကြည်ပြီး နှစ်ပေါင်းများစွာ လက်တွဲအားပေးခဲ့ကြတဲ့ တန်ဖိုးဖြတ်မရတဲ့ မိတ်ဆွေဟောင်းများ၊ မိသားစုဝင်လိုဖြစ်နေတဲ့ Customer တစ်ဦးချင်းစီတိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံး ခွန်အားပါ။
ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ သောက်ရေသန့်ကို စိတ်ချယုံကြည်စွာ အသုံးပြုချင်တဲ့ မိတ်ဆွေသစ်များကိုလည်း “Take” သောက်ရေသန့်မှ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။ ရေသန့်ဘူးအရွယ်အစားစုံလင်စွာနဲ့ ယုံကြည်စိတ်ချရသောသောက်ရေသန့်လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ Take ကအသင့်ရှိနေပါတယ်။
လူတိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ အရည်အသွေး၊ အမြဲတိုးတက်နေတဲ့ ထုတ်လုပ်မှုစနစ်တွေနဲ့အတူ လွယ်ကူမြန်ဆန်တဲ့ ဝန်ဆောင်မှုတွေကို မိဘပြည်သူများထံ အရောက်ပေးစွမ်းနိုင်ဖို့ “Take” က အစဉ်အမြဲ ကြိုးစားရှေ့ဆက်သွားပါမယ်ခင်ဗျာ။
”Take သောက်ရေသန့် – သန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် သင်ယုံကြည်ရတဲ့ အဖော်မွန်”